1.お+Vます+します
မိမိကိုယ်ကို နှိမ်ချပြောခြင်းတွင် သုံးသည်။
စကားလုံးများ၏ရှေ့တွင် 「お」ထည့်၍သုံးခြင်းသည် မိမိကိုယ်နှိမ်ချပြောခြင်းတမျိုးဖြစ်သလို တဘက်သူကို ယဉ်ကျေးစွာ ပြောဆိုဆက်ဆံသော အဓိပ္ပါယ်လည်း ရပါသည်။
ဒါကြောင့်မိုလို့ ဒီအသုံးများကို မိမိရဲ့ အထက်လူကြီးနှင့် မိမိကရိုသေစွာ ဆက်ဆံသင့်သောသူများနှင့် စကားပြောသောအခါတွင် အသုံးများသည်။
お+貸(か)します+します ⇒ お貸(か)しします
2.ご+漢語(かんご)+します
မိမိကိုယ်ကို နှိမ်ချပြောခြင်းတွင် သုံးသည်။
ご+説明(せつめい)/連絡(れんらく)/案内(あんない) +します
အထက်တွင် ရေးသားထားသော 「お」အသုံးနှင့် အတူတူထား၍ သုံးနိုင်သည်
3.謙譲語(けんじょうご)
မိမိကိုယ်ကို နှိမ်ချပြောသော အသုံးများ
ဝန်ထမ်းမှ အထက်လူကြီးသို့ စကားပြောဆိုရာတွင်၊ ဝန်ထမ်းမှ Coustomerသို့ စကားပြောရာတွင် စသဖြင့် ရိုသေစွာပြောဆို ဆက်ဆံသင့်သောသူကို စကားပြောရာတွင် သုံးသည်။
ရိုးရိုးအသုံး နှိမ်ချပြောသော အသုံး
行 (い)きます まいります သွားသည်
きます まいります လာသည်
います おります ရှိသည်
たべます いただきます စားသည်
飲(の)みます いただきます သောက်သည်
もらいます いただきます ယူသည်
みます はいけんします ကြည့်သည်
いいます もうします ပြောသည်
します いたします လုပ်သည်
ききます うかがいます ကြားသည်
知(し)っています 存(ぞん)じております သိသည်
知(し)りません 存(ぞん)じません မသိဘူး
あいます お目(め)にかかります တွေ့သည်
文型(ぶんけい)
今月(こんげつ)のスケジュールをお送(おく)りします。
ဒီလရဲ့ schedule ကိုပို့လိုက်ပါတယ်။
私(わたし)はアメリカから参(まい)りました。
ကျွန်တော် အမေရိက ကနေ လာခဲ့ပါတယ်။
例文(れいぶん)
重(おも)そうですね。お持(も)ちしましょうか。
လေးမဲ့ပုံဘဲနော်။ သယ်ပေးရမလား
…すみません。お願(ねが)いします。
စိတ်မရှိပါနဲ့နော် ကူညီပေးပါ။
ガイドさん、ここを見(み)たあとで、どこへ行(い)くんですか。
Guideရေ ဒီကိုကြည့်ပြီးရင် ဘယ်ကိုသွားမှာလဲ
…江戸東京博物館(えどとうきょうはくぶつかん)へご案内(あんない)します。
အဲဒိုတိုကျို ပြတိုက်ကို လိုက်ပြပါမယ်။
グプタさんの到着(とうちゃく)は2時(じ)ですね。だれか迎(むか)えに行(い)くんですか。
ဂုပုတစံက ၂နာရီ ရောက်မှာနော်။ ဘယ်သူသွားကြိုမှာတုန်း။
…はい、私(わたし)が参(まい)ります。
ဟုတ်ကဲ့ ကျွန်တော် သွားကြိုပါမယ်။
ご家族(かぞく)はどちらにいらっしゃいますか。
မိသားစုက ဘယ်မှာနေပါသလဲ။
…ニューヨークにおります。
နယူးယောက်မှာ နေပါတယ်။
ちょっと切符(きっぷ)を拝見(はいけん)します。
တစိတ်လောက် လက်မှတ်ကို ကြည့်ခွင့်ပေးပါ။
…はい。
ဟုတ်ကဲ့
どうもありがとうございました。
ကျေးဇူးတင်ပါတယ်။
ミラーさんがスピーチコンテストで優勝(ゆうしょう)したのをご存(ぞん)じですが。
မီလာစံက စကားပြောပြိုင်ပွဲမှာ ဆုရတာ သိပြီးပြီလား။
…はい、部長(ぶちょう)から伺(うかが)いました。
ဟုတ်ကဲ့ ဌါနမှုးဆီက ကြားပြီးပါပြီ။
こちらはミラーさんです。
ဒီဘက်က မီလာစံပါ။
…初(はじ)めまして。ミラーと申(もう)します。
တွေ့ရတာ ဝမ်းသာပါတယ်။ မီလာလို့ ခေါ်ပါတယ်။
どうぞよろしくお願(ねが)いいたします。
ခင်ခင်မင်မင် ဆက်ဆံပေးပါ။
この近(ちか)くに電話(でんわ)がありますか。
ဒီပတ်ဝန်းကျင်မှာ တယ်လီဖုန်း ရှိပါသလား။
…はい、あちらの階段(かいだん)の横(よこ)にございます。
ဟုတ်ကဲ့ ဟိုးက လှေခါးရဲ့ ဘေးမှာ ရှိပါတယ်။
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
Comments
Post a Comment