1.どうも
မိမိ၏ထင်မြင်ချက်ဖြင့် မှန်းဆ၍ပြောသော အခါတွင်သုံးသည်
စာကြောင်း၏ရှေ့တွင်ထားသုံးလေ့ရှိပြီး စာကြောင်း၏နောက်တွင် ようだ/そうだ များလိုက်လေ့ရှိသည်။ でしょう、かもしれない、~とおもうများဖြင့်တွဲမသုံးပါ
どうも―――ようだ。
どうも雪(ゆき)が降(ふ)りそうですね。
နှင်းကျတော့မဲ့ပုံဘဲနော်
2.~によると
တခြားသူထံမှကြားထားသော အကြောင်းအရာကို ပြန်လည်ပြောသော အခါတွင်သုံးသည်။
~によると―――Vる/Vた/Vない/Adjい/Adjだ/Nだ+そうです
天気予報(てんきよほう)によると、明日(あした)は雨(あめ)だそうです。
မိုးလေဝသ သတင်းအရ မနက်ဖန် မိုးရွာမယ်တဲ့
テレビのニュースによると、東京(とうきょう)で地震(じしん)があったそうです。
တီဗီသတင်းအရ တိုကျိုမှာ ငလျှင်လှုပ်ခဲ့တယ်တဲ့
3.~ようです
မိမိ၏ထင်မြင်ချက်ဖြင့် မှန်းဆ၍ပြောသည့် အခါတွင်သုံးသည်
―――Vる/Vた/Vない/Adjい/Adjな/Nの+ようです
昨日(きのう)の晩雨(ばんあめ)が降(ふ)ったようです。
မနေ့ညက မိုးရွာခဲ့တဲ့ပုံဘဲ။ (အထင်နဲ့ပြောခြင်းဖြစ်ပြီး တကယ်ရွာမရွာတော့ သိပ်မသေချာသော အခြေအနေမျိုးဖြစ်သည်)
文型(ぶんけい)
天気予報(てんきよほう)によると、あしたは寒(さむ)くなるそうです。
မိုးလေဝသ သတင်းအတိုင်းဆိုရင် မနက်ဖန် အေးမယ်ဆိုဘဲ။
隣(となり)の部屋(へや)にだれかいるようです。
အနားကအခန်းမှာ တစ်ယောက်ယောက်ရှိမဲ့ ပုံဘဲ။
例文(れいぶん)
新聞(しんぶん)で読(よ)んだんですが、1月(がつ)に日本語(にほんご)の スピーチ大会(たいかい)があるそうですよ。ミラーさんも出(で)てみませんか。
သတင်းစာဖတ်လိုက်တော့ ဇန်နဝါရီလမှာ ဂျပန်စာကားပြောပြိုင်ပွဲ ရှိတယ်ဆိုဘဲ။ မီလာစံ ဝင်ပြိုင်ကြည့်ပါလား။
…そうですね。考(かんが)えてみます。
ဟုတ်တယ်နော် စဉ်းစားပါမယ်။
クララさんは子(こ)どものとき、フランスに住(す)んでいたそうです。
ခုလာလာက ကလေးဘဝတုန်းက ပြင်သစ်မှာ နေခဲ့တယ်တဲ့။
…それでフランス語(ご)もわかるんですね。
ဒါကြောင့် ပြင်သစ်စကားလည်း နားလည်းတာကိုး။
パワー電気(でんき)の新(あたら)しい電子辞書(でんしじしょ)はとても使(つか)いやすくて、いいそうですよ。
ပါဝါလျှပ်စစ်က အသစ်ထုပ်လိုက်တဲ့ လျှပ်စစ်အဘိဓါန်က သုံးရတာလွယ်ပြီး ကောင်းတယ်တဲ့။
…ええ。わたしはもう買(か)いました。
အင်း ကျွန်တော်ဝယ်ပြီးသွားပြီ။
この間(あいだ)インドネツアのバリ島(とう)へ遊(あそ)びに行(い)って来(き)ました。
ဟိုတစ်လောက အင်ဒိုနီရှား ဘာလီကျွန်းကို အလည်သွားခဲ့တယ်။
…とてもきれいな所(ところ)だそうですね。
အရမ်းလှတဲ့ နေရာလို့ ကြားဖူးတယ်။
ええ。ほんとうによかったです。
အင်း တကယ့်ကို ကောင်းခဲ့တယ်။
にぎやかな声(こえ)がしますね。
ဆူဆူညံညံအသံ ကြားရတယ်။
…ええ。パーティーでもしているようですね。
အင်း ပါတီလုပ်နေတာ ဖြစ်မယ်။
人(ひと)が大勢(おおぜい)集(あつ)まっていますね。
လူအများကြီး စုဝေးနေတယ်နော်။
…事故(じこ)のようですね。パトカーと救急車(きゅうきゅうしゃ)が来(き)ていますよ。
ယာဉ်တိုက်မှုဖြစ်ပုံရတယ်။ ရဲကားနဲ့ လူနာတင်ယာဉ် ရောက်နေတယ်။
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
Comments
Post a Comment