1.~かどうか
အဓိပ္ပါယ် ⇒ –လား၊ ဘာလားဆိုတာ
အကြောင်းတစ်ခုကို မေးခွန်းနှင့် အငြင်းမေးခွန်းပုံစံတွဲ၍ သုံးပါသည်။ သူ့ရဲ့နောက်တွင် 「わかりません、覚(おぼ)えてません、知(し)っていますか、決(き)めていますか」စသော ကြိယာများ အလိုက်များသည်။
ဥပမာ
明日行(あしたい)くかどうかまだ決(き)めていません。
မနက်ဖန် သွားမလား မသွားဘူးလားဆိုတာ မဆုံးဖြတ်ရသေးဘူး
安(やす)いかどうかわかりません。
ဈေးသက်သာလား မသက်သာဘူးလားဆိုတာ မသိဘူး
2.~てみます
အဓိပ္ပါယ် ⇒ —ကြည့်ကြည့်မယ်
အသုံးပြုပုံ ⇒ Vて+みます
ဥပမာ
このお寿司(すし)おいしいですよ。食(た)べてみてください。
ဒီဆူရှီ ကောင်းတယ်နော်။ စားကြည့်ကြည့်ပါလား။
3.Adjい⇒Adjさ
Adjいကိုい ဖြုတ်၍ さထည့်ခြင်းဖြင့် Noun အဖြစ်အသုံးပြုနိုင်သည်။
ဥပမာ
長(なが)い ⇒ 長(なが)さ (အရှည်)
高(たか)い ⇒ 高(たか)さ (အမြင့်)
文型(ぶんけい)
JL107便(びん)は何時(なんじ)に到着(とうちゃく)するか、調(しら)べてください。
JL107လေယာဉ်က ဘယ်နှစ်နာရီမှာ ဆိုက်ရောက်မယ်ဆိုတာ ရှာကြည့်ပေးပါ။
台風(たいふう)9号(ごう)は東京(とうきょう)へ来(く)るかどうか、まだわかりません。
မုန်တိုင်း နံပါတ် ၉ က ဘယ်တော့ တိုကျိုရောက်မလဲ မရောက်ဘူးလားဆိုတာ မသိသေးဘူး။
宇宙(うちゅう)から地球(ちきゅう)を見てみたいです。
အာကာသကနေ ကမ္ဘာမြေကို ကြည့်ချင်တယ်။
例文(れいぶん)
二次会(にじかい)はどこへ行(い)きましたか。
…酔(よ)っていたので、どこへ行(い)ったか、全然覚(ぜんぜんおぼ)えていないんです。
ပါတီပြီးရင် နောက်ဆက်တွဲဘယ်ကိုသွားခဲ့တာလဲ
မူးနေလို့ ဘယ်ကိုသွားတယ်ဆိုတာ လုံးဝမမှတ်မိတော့ဘူး
山(やま)の高(たか)さはどうやって測(はか)るか、知(し)っていますか。
…さあ、どうやって測(はか)るんですか。
တောင်ရဲ့အမြင့်ကို ဘယ်လိုလုပ်ပြီးတိုင်းတယ်ဆိုတာ သိလား
ဟင်း ဘယ်လိုလုပ်တိုင်းဘာလိမ့်နော်
私(わたし)たちが初(はじ)めてあったのはいつか、覚(おぼ)えていますか。
…昔(むかし)のことはもう忘(わす)れてしまいました。
ကျွန်တော်တို့ အရင်ဆုံးတွေ့တာ ဘယ်တုန်းကလည်းဆိုတာ မှတ်မိလား
ဟိုးအရင်တုန်းက အကြောင်းတွေက မေ့သွားပြီ
忘年会(ぼうねんかい)に出席(しゅっせき)できるかどうか20(はつ)日(か)までに返事(へんじ)をください。
…はい、わかりました。
နှစ်ဟောင်းပျော်ရွှင်ပွဲကို တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာ ၂၀ရက်အထိ အကြောင်းပြန်ပါ။
ဟုတ်ကဲ့ ကောင်းပါပြီ
あそこで何(なに)を調(しら)べるんですか。
…飛行機(ひこうき)に乗(の)る人(ひと)がナイフなど危険(きけん)なものを持(も)っていないかどうか、調(しら)べるんです。
ဟိုးမှာ ဘာကိုရှာနေတာလဲဟင်
လေယာဉ်မှာ စီးမဲ့သူက ဓါးတို့ အန္တာရယ်များတဲ့ပစ္စည်းတွေ ရှိလား မရှိဘူးလားဆိုတာ စစ်နေတာ
すみません。この服(ふく)を着(き)てみてもいいですか。
…はい、こちらでどうぞ。
တစိတ်လောက် ဒီအင်ကျီကို ဝတ်ကြည့်လို့ရလား
ဟုတ်ကဲ့ ဒီဘက်မှာ ဝတ်ကြည့်ပါ
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
