Skip to main content

Minna Lesson(33) 文法


1.命令形(めいれいけい)/禁止形(きんしけい)
အမိန့်ပေးခြင်း၊ တားမြစ်ခြင်းများတွင် သုံးသည်။
ဆရာမှ ကျောင်းသားသို့ ပြောဆိုအမိန့်ပေးခြင်း။ မိဘမှ သားသမီးသို့ ပြောဆို အမိန့်ပေးရာတွင် သုံးသည်။ အားကစားပွဲများတွင် အားပေးရာတွင်လည်းသုံးနိုင်သည်။ စက်ရုံ၊ အဖွဲ့အစည်းများတွင် အမိန့်ပေးပုံစံမျိုး ဖြင့်လည်းသုံးသည်။

ပုံစံပြောင်းပုံ
1. အုပ်စု ၁ ကြိယာများကို Vますမှ ますကိုဖြုတ်ပြီး ကျန်နေသောစာလုံးနှင့်လိုက်၍ ပြောင်းပုံကွဲပြားပါသည်။ အသေးစိတ်ကို ပုံတွင်ကြည့်ပါ။
ဥပမာ はしります ⇒ はしれ ပြေးစမ်းပါ (ပြေးစမ်းပြေးစမ်း)
2. အုပ်စု ၂ ကြိယာများတွင် Vますမှ ますကိုဖြုတ်၍ 〝ろ"ထည့်ပါ။
3. အုပ်စု ၃ ကြိယာပြောင်းပုံကို ပုံတွင်ပြထားသည့် အတိုင်း ပုံသေမှတ်ယူပါ။
2.Vるな
အနည်းငယ် ကြမ်းတမ်းသော အမိန့်ပေး၊ သတိပေးပုံစံဖြစ်သည်။ ပုံမှန်တွင် သုံးလေ့မရှိပါ။ စိတ်ဆိုး ရန်ဖြစ်သော အခါမျိုးတွင်သာ သုံးလေ့ရှိသည်။
အသုံးပြုပုံ ⇒Vる+な
寝(ね)るな
မအိပ်နဲ့
遅(おく)れるな
နောက်မကျစေနဲ့

3.Vる/いAdj/なAdj/Nounという意味(いみ)です
 အဲဒီလို အဓိပ္ပါယ်ရပါတယ်လို့ ပြောသောအခါတွင် သုံးသည်။
အသုံးပြုပုံ ⇒Vる/いAdj/なAdj/Noun +という意味(いみ)です
 危険(きけん)は危(あぶ)ないという意味(いみ)です。
「きけん」ဆိုတာ အန္တာရယ်ရှိတယ်လို့ ဆိုလိုတယ်။

4.Vると言(い)っていました
 တစ်ယောက်ယောက်က ပြောသောစကားကို တဆင့်ပြန်လည် ပြောရာတွင်သုံးသည်
အသုံးပြုပုံ ⇒Vる+と言(い)っていました
ミラーさんは明日国(あしたくに)へ帰(かえ)ると言(い)っていました。
 မီလာစံက မနက်ဖန် နိုင်ငံကို ပြန်မယ်လို့ ပြောခဲ့တယ်။

5.もう~ない
 ဘယ်လိုမှ မတတ်နိုင် လက်လျှော့လိုက်ရသော အခြေအနေများတွင် သုံးသည်
အသုံးပြုပုံ ⇒もう+Vない
もう、走(はし)れない。
 တော်ပြီ မပြေးနိုင်တော့ဘူး

文型(ぶんけい)


急(いそ)げ。
‘မြန်မြန်လုပ်
触(さわ)るな。
မကိုင်နဲ့
立(た)ち入(い)り禁止(きんし)は入(はい)るなという意味(いみ)です。
「立(た)ち入(い)り禁止(きんし)」ဆိုတာ မဝင်ရလို့ ပြောတဲ့ အဓိပ္ပါယ်ဖြစ်တယ်
ミラーさんは来週大阪(らいしゅうおおさか)へ出張(しゅっちょう)すると言(い)っていました。
မီလာစံက နောက်တစ်ပတ် အိုဆာကာကို ခရီးသွားမယ်လို့ ပြောခဲ့တယ်။

例文(れいぶん)

だめだ。もう走(はし)れない。
မရတော့ဘူး။ မပြေးနိုင်တော့ဘူး။
…頑張(がんば)れ。あと1000メートルだ。
ကြိုးစားထား။ နောက် မီတာ ၁၀၀၀ ဘဲ။
もう時間(じかん)がない。
အချိန်မရှိတော့ဘူး
…まだ1分(ぷん)ある。あきらめるな。ファイト!
နောက် ၁ မိနစ်ရှိသေးတယ်။ လက်မရှော့နဲ့။ ဖိုက်
あそこに何(なん)と書(か)いてあるんですか。
ဟိုမှာ ဘာလို့ ရေးထားတာလဲ
…「止(と)まれ」と書(か)いてあります。
ရပ်ပါလို့ ရေးထားတယ်
あの漢字(かんじ)は何(なん)と読(よ)むんですか。
ဟိုခန်းဂျိက ဘယ်လိုဖတ်တာလဲဟင်
…「禁煙(きんえん)」です。
「きんえん」ပါ
たばこを吸(す)うなという意味(いみ)です。
ဆေးလိပ်မသောက်ရလို့ အဓိပ္ပါယ်ရတယ်။
このマークはどういう意味(いみ)ですか。
အဲဒီအမှတ်အသားက ဘယ်လိုအဓိပ္ပါယ်လဲ
…洗濯機(せんたくき)で洗(あら)えるという意味(いみ)です。
အဝတ်လျှော်စက်နဲ့ လျှော်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ
グプタさんはいますか。
ဂုပုတစံ ရှိပါသလား
…今、出(で)かけています。30分(ぷん)ぐらいで戻(もど)ると言(い)っていました。
အခု အပြင်သွားနေတယ်။ မိနစ် ၃၀လောက်ကြာရင် ပြန်လာမယ်လို့ ပြောခဲ့တယ်
すみませんが、渡辺(わたなべ)さんに明日(あした)のパーティーは6時(じ)からだと伝(つた)えていただけませんか。
စိတ်တော့မရှိပါနဲ့ ဝါတာနာဘဲစံကို မနက်ဖန် ပါတီ၆နာရီကနေလို့ ပြောပေးလို့ရမလား
…わかりました。6時(じ)からですね。
‘ကောင်းပါပြီ ၆နာရီကနေနော်


(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)

Comments

Popular posts from this blog

Minna Lesson(20)会話

夏休(なつやす)みは どうするの? 小林(こばやし) さん: 夏休(なつやす)みは 国(くに)へ 帰(かえ)るの? タワポン(たわぽん) さん: ううん。帰(かえ)りたいけど、…。 小林(こばやし)君(くん)は どう するの? 小林(こばやし) さん: どう しようかな…。 タワポン(たわぽん)君(くん)、富士山(ふじさん)に 登(のぼ)った こと ある? タワポン(たわぽん) さん: ううん。 小林(こばやし) さん: じゃ、よかったら、いっしょに 行(い)かない? タワポン(たわぽん) さん: うん。いつごろ? 小林(こばやし) さん: 8月(がつ)の 初(はじ)めごろは どう? タワポン(たわぽん) さん: いいね。 小林(こばやし) さん: じゃ、いろいろ 調(しら)べて、また 電話(でんわ)するよ。 タワポン(たわぽん) さん: ありがとう。待(ま)ってるよ。 နွေရာသီပိတ်ရက်ဘာလုပ်မလဲ ကိုဘယရှီ – နွေရာသီပိတ်ရက်နိုင်ငံပြန်မှာလား။ တာဝါပုန် – ဟင့်အင်း။ ပြန်ချင်ပေမဲ့လည်း— ကိုဘယရှီခွန်း – ကဘာလုပ်မလဲ။ ကိုဘယရှီ – ဘာလုပ်ရင်ကောင်းမလဲ— တာဝါပုန်ခွန်း – ဖူဂျီတောင်တက်ဖူးလား။ တာဝါပုန် – ဟင့်အင်း ကိုဘယရှီ – ဒါဆိုအဆင်ပြေရင် အတူတူမသွားဘူးလား။ တာဝါပုန် – အင်း ဘယ်တော့လဲ။ ကိုဘယရှီ – ၈လရဲ့အစပိုင်းကဘယ်လိုလဲ။ တာဝါပုန်- ကောင်းသားဘဲ။ ကိုဘယရှီ – ဒါဆိုအမျိုးမျိုးလေ့လာစုံစမ်းပြီးဖုန်းဆက်မယ်လေ။ တာဝါပုန်-  ကျေးဇူးနော် စောင့်နေမယ်။ (ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minn...

Minna Lesson(37)言葉

ほめます ချီးမွမ်းသည်။ しかります ဆူပူသည်။ ကြိမ်းမောင်းသည် 誘(さそ)います ဖိတ်ခေါ်သည် 起(お)こします နိုးသည်။ နိုးထစေသည် 招待(しょうたい)します ဖိတ်ကြားသည် 頼(たの)みます တောင်းဆိုသည် 注意(ちゅうい)します ဂရုပြုသည် 取(と)ります ယူသည် 踏(ふ)みます နင်းသည် 壊(こわ)します ဖျက်စီးသည် 汚(よご)します ညစ်ပေစေသည် 行(おこな)います ကျင်းပသည် 輸出(ゆしゅつ)します နိုင်ငံခြားသို့ပိုသည် 輸入(ゆにゅう)します နိုင်ငံခြားမှ သွင်းသည် 翻訳(ほんやく)します ဘာသာပြန်သည် 発明(はつめい)します တီတွင်သည် 発見(はっけん)します တွေ့ရှိသည် 設計(せっけい)します ဒီဇိုင်းဆွဲသည် 米(こめ) ဆန် 麦(むぎ) ဂျုံ 石油(せきゆ) ရေနံ 原料(げんりょう) ကုန်ကြမ်း デート ချစ်သူနှစ်ယောက်တွေ့ဆုံသည် 泥棒(どろぼう) သူခိုး 警官(けいかん) ရဲ 建築家(けんちくか) ဆောက်လုပ်ရေးပညာရှင် 科学者(かがくしゃ) သိပ္ပံပညာရှင် マンガ ကာတွန်း 世界中(せかいじゅう) နိုင်ငံတစ်ဝန်း ~中(じゅう) -တစ်ဝန်း によって -နှင့်လိုက်ပြီး よかったですね ကောင်းလိုက်တာနော်။ တော်သေးတာပေါ့ 埋(う)め立(た)てます မြေဖို့သည်။ (ပင်လယ်၊ မြစ်၊ ချောင်းများကို မြေဖို့ခြင်း) 技術(ぎじゅつ) နည်းပညာ 土地(とち) မြေ။ ခြံ 騒音(そうおん) ဆူညံသံ 利用(りよう)します အသုံးပြုသည် アクセス လမ်းပန်းဆက်သွယ်ရေး (ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေ...

JLPT N2 to N5 Vocab List

သိသူဖော်စားမသိသူကျော်သွား JLPT N2 to N5 Vocab List အောက်မှာဒေါင်းပါ Download Here Uploaded by Aung Min Ko Ko