နာမဝိသေသနများ(adj) ရဲ့သုံးပုံသုံးနည်းကွဲပြားပုံများ။
ဂျပန်စာတွင်နာမဝိသေသန နှစ်မျိုး ရှိပါသည်။
၁။ “い” နှင့်ဆုံးသော နာမဝိသေသန(いadj)
၂၊ “な” နှင့်ဆုံးသော နာမဝိသေသန(なadj)
ယေဘူယျအားဖြင့် “い” နှင့်အဆုံးသတ်လျှင် いadj ဟုမှတ်ယူနိုင်ပြီး၊
“い” နှင့်မဆုံးသော အရာများကို なadj ဟုအလွယ်မှတ်နိုင်ပါသည်။
နာမဝိသေသန ပုံစံပြဇယား
い နှင့်ဆုံးသော နာမဝိသေသန な နှင့်ဆုံးသော နာမဝိသေသန
1. နာမဝိသေသနမူရင်းပုံစံ
おいし いအရသာရှိသော
きれい なလှသော
2. စာကြောင်းတွင်သုံးသော နာမဝိသေသန
おいし いです /か အရသာရှိတယ် /လား
きれい です / か လှတယ် /လား
3. အငြင်းပုံစံ နာမဝိသေသန
おいし くない အရသာမရှိဘူး
きれい じゃ ありません မလှဘူး
၁။ နာမဝိသေသနမူရင်းပုံစံ
မူရင်းပုံစံသည် –သော နှင့်ဆုံးသောနာမဝိသေသနများကိုဆိုလိုပါသည်။
ဥပမာ လှသော။ ကောင်းသော။ ကြီးသော စတာတွေဖြစ်ပါတယ်။
ဂျပန်လိုတော့ い/な နဲ့ဆုံးပါတယ်။
၂။ စာကြောင်းတွင်သုံးသော နာမဝိသေသန
မူရင်းပုံစံကို စကားပြောနှင့် စာကြောင်းတွေမှသုံးရင် မြန်မာလိုဆို —သော၊ မှ —တယ် သို့ပြောင်း လဲသွားပါတယ်။
ဥပမာ လှသော က လှတယ် လို့ပြောင်းလဲလာပါမယ်။
ဒီအတွက် ဂျပန်စာမှာ adj နောက်မှ “です”ကိုထည့်ပေးရပါမယ်။
ဥပမာ きれいですကလှတယ် လို့ပြောတာပါ။
သတိပြုရမှာက いadj အတွက် ဒီအတိုင်း “です”ကိုထည့်လို့ရသော်လည်း なadj အတွက် なကိုဖြုတ်ပြီးမှ “です”ထည့်ရပါတယ်။
ဇယားရဲ့ နံပါတ် ၂ က なadj အကွက်တွင်လေ့လာပါ။
၃။ အငြင်းနာမဝိသေသန
いadj အတွက် いကိုဖြုတ်ပြီးくないထည့်ရပါတယ်။ なadj အတွက် なကိုဖြုတ်ပြီးじゃ ありませんကိုထည့်ရပါတယ်။
ဇယားရဲ့ နံပါတ် ၃ တွင်လေ့လာပါ။
ဒါကြောင့် နာမဝိသေသနတစ်ခုဟာ いadj လား なadj လားဆိုတာကွဲခြားသိဖို့လိုပါတယ်။
ဝါကျ
1.桜(さくら)は きれいです。
2.富士山(ふじさん)は 高(たか)いです。
3.桜(さくら)は きれいな 花(はな)です。
4.富士山(ふじさん)は 高(たか)い 山(やま)です。
၁။ ဆာကူရာပန်းက လှတယ်။
၂။ ဖူဂျီတောင်က မြင့်တယ်။
၃။ ဆာကူရာက လှတဲ့ပန်းဖြစ်တယ်။
၄။ ဖူဂျီတောင်က မြင့်တဲ့တောင် ဖြစ်တယ်။
ဥပမာစာကြောင်းများ
1.大阪(おおさか)は にぎやかですか。
…はい、にぎやかです。
2.琵琶湖(びわこ)の 水(みず)は きれいですか。
…いいえ、あまり きれいじゃ ありません。
3.ペキン(ぺきん)は 今(いま) 寒(さむ)いですか。
…はい、とても 寒(さむ)いです。
シャンハイ(しゃんはい)も 寒(さむ)いですか。
…いいえ、あまり 寒(さむ)くないです。
4.その 辞書(じしょ)は いいですか。
…いいえ、あまり よくないです。
5.東京(とうきょう)の 地下鉄(ちかてつ)は どうですか。
…きれいです。そして 便利(べんり)です。
6.きのう 映画(えいが)を 見(み)ました。
…どんな 映画(えいが)ですか。
「七人(しちにん)の 侍(さむらい)」です。古(ふる)いですが、とても おもしろい 映画(えいが)です。
7.ミラー(みらー)さんの 傘(かさ)は どれですか。
…あの 青(あお)い 傘(かさ)です。
၁။ အိုဆာကာက စည်းကားပါသလား။
ဟုတ်ကဲ့ စည်ကားပါတယ်။
၂။ ဘီဝကို(ရေကန်)ရဲ့ရေဟာ သန့်ရှင်းပါသလား။
ဟင့်အင်း သိပ်မသန့်ရှင်းဘူး။
၃။ ပီကင်းက အခု ချမ်းပါသလား။
ဟုတ်ကဲ့ အလွန်ချမ်းပါတယ်။
ရှမ်ဟိုင်းလည်း ချမ်းသလား။
ဟင့်အင်း သိပ်မချမ်းဘူး။
၄။ အဲဒီအဘိဓါဏ် ကောင်းလား။
ဟင့်အင်း သိပ်မကောင်းဘူး။
၅။ တိုကျိုရဲ့မြေအောက်ရထားက ဘယ်လိုလဲ။
သန့်ရှင်းတယ်၊ ပြီးတော့ အဆင်ပြေတယ်(သုံးရလွယ်ကူတယ်)
၆။ မနေ့က ရုပ်ရှင်ကြည့်ခဲ့တယ်။
ဘယ်လိုရုပ်ရှင်မျိုးလဲ။
စာမူရိုင်း ၇ ယောက် ရုပ်ရှင်ပါ။ ဟောင်းပေမဲ့လည်း အလွန်စိတ်ဝင်စားဖို့ကောင်တဲ့ ရုပ်ရှင်ဖြစ်တယ်။
၇။ မီလာစံရဲ့ ထီးက ဘယ်ဟာလဲ။
ဟိုးက အပြာရောင်ဖြစ်တယ်။
ဥပမာစာကြောင်းများအတွင်းမှ သတိပြုစရာများ
နံပါတ် ၂ ဒုတိယစာကြောင်းတွင် “あまり” ကိုသုံးထားပါတယ်။
–သိပ် လို့အဓိပ္ပါယ်ရပြီး သူ့ရဲ့ နောက်မှာ အငြင်းနာမဝိသေသနဘဲလိုက်ပါတယ်။
နံပါတ် ၅ ဒုတိယစာကြောင်းတွင် “そして” ကိုသုံးထားပြီး အဓိပ္ပါယ်က အဲဒီနောက် /ပြီးနောက် ဖြစ်ပါတယ်။
အဓိပ္ပါယ်တူညီသော စာကြောင်းတွေကို တဆက်တည်းပြောတဲ့အခါမှာသုံးပါတယ်။
နံပါတ် ၆ တတိယစာကြောင်းတွင် “が” ကိုသုံးထားပြီး အဓိပ္ပါယ်က “ပေမဲ့လဲ” ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အဓိပ္ပါယ်ကို တဆက်တည်းပြောတဲ့အခါမှာ သုံးပါတယ်။

(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)