၁။—ကို
—を Vます。(V=Verb)
— ကို (ますကြိယာ)
新聞(しんぶん)を 買(か)います。
သတင်းစာကို ဝယ်တယ်။
၂။မ—ဘူးလား (ဖိတ်ခေါ်ခြင်းအနေဖြင့်သုံး)
—Vませんか。
—မဘူးလား။
いっしょに 行(い)きませんか。
အတူတူ မသွားဘူးလား။
(အတူပါဝင်စေချင်သောအခါတွင် မေးသော မေးခွန်းဖြစ်သည်)
၃။—ရအောင်
—Vましょう。
—(ကြိယာ)ရအောင်
今日(きょう)は 帰(かえ)りましょう。
ဒီနေ့(တော့) ပြန်ရအောင်။
(ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ အခြားသူများကိုပါ ပါဝင်စေ ချင်သောအခါတွင် သုံးသည်။)
၄။—မှာ (နေရာပြ)
(place)で—
(နေရာ)မှာ—
駅(えき)で 買(か)います。
ဘူတာမှာဝယ်မယ်။
ဝါကျ
1.わたすは ジュ(じゅ)ース(す)を 飲(の)みます。
ကျွန်တော် ဖျော်ရည်သောက်မယ်။
2.わたしは 駅(えき)で 新聞(しんぶん)を 買(か)います。
ကျွန်တော်ဘူတာမှာ သတင်းစာဝယ်မယ်။
3.いっしょに 神戸(こうべ)へ 行(い)きませんか。
အတူတူ Kobe ကိုမသွားဘူးလား။
4.ちょっと 休(やす)みましょう。
ခဏနားရအောင်။
ဥပမာစာကြောင်းများ
1.たばこを 吸(す)いますか。
ဆေးလိပ်သောက်သလား။
…いいえ、吸(す)いません。
ဟင့်အင်း၊ မသောက်ဘူး။
2.毎朝(まいあさ) 何(なに)を 食(た)べますか。
မနက်တိုင်းဘာကို စားသလဲ။
…パン(ぱん)と 卵(たまご)を 食(た)べます。
ပေါင်မုန့်နဲ့ ကြက်ဥကိုစားတယ်။
3.けさ 何(なに)を 食(た)べましたか。
ဒီမနက်ဘာကို စားခဲ့သလဲ။
…何(なに)も 食(た)べませんでした。
ဘာမှမစားခဲ့ဘူး။
4.土曜日(どようび) 何(なに)を しましたか。
စနေနေ့ဘာကိုလုပ်ခဲ့သလဲ။
…日本語(にほんご)を 勉強(べんきょう)しました。 それから 映画(えいが)を 見(み)ました。
ဂျပန်စာကိုလေ့လာခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကြည့်ခဲ့တယ်။
日曜日(にちようび)は 何(なに)を しましたか。
တနင်္ဂနွေနေ့ ဘာကိုလုပ်ခဲ့သလဲ။
…友達(ともだち)と 奈良(なら)へ 行(い)きました。
သူငယ်ချင်းနဲ့ Nara ကိုသွားခဲ့တယ်။
5.どこで その かばんを 買(か)いましたか。
ဘယ်မှာ အဲဒီအိပ်ကိုဝယ်ခဲ့သလဲ။
…メキシコ(めきしこ)で 買(か)いました。
မက္ကစီကိုမှာဝယ်ခဲ့တာပါ။
6.いっしょに ビ(び)ール(る)を 飲(の)みませんか。
အတူတူဘီယာမသောက်ဘူးလား။
…ええ、飲(の)みましょう。
အင်း၊ သောက်ရအောင်။
ဥပမာစာကြောင်းအတွင်းမှသတိပြုစရာများ
ဒီအခန်းမှာ စာကြောင်းနှစ်ကြောင်းကို စကားဆက်နှင့်ဆက်သော သင်ခန်းစာတိုးလာပါတယ်။
နံပါတ် ၄ တွင်“それからအဲဒီနောက်” ကိုသုံးပြီး စာကြောင်းနှစ်ကြောင်းကို ဆက်ထားပါတယ်။
ကြိယာများ၏နောက်ဆုံးစာလုံးမှာ “ます” ဆိုလျှင် ပစ္စုပ္ပန်ကာလနဲ့အနာဂတ်ကာလ အတွက် သုံးပြီး၊
“ ました” ကတော့ အတိတ်ကာလအတွက်သုံးခြင်းဖြစ်ပါတယ်။
ဒါကြောင့် အချိန်ပြပုဒ်မပါ သော်လည်း သုံးထားသောကြိယာပုံစံကိုကြည့်ခြင်းဖြင့် အတိတ်ကာလလား ပစ္စုပ္ပန်ကာလလား ဆိုတာ ကိုသိနိုင်ပါ တယ်။
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
