၂။いadj များ၏အတိတ်ကာလများ
၃။ နာမ် နှစ်ခုကို နှိုင်းယှဉ်ခြင်း
“~よりadjです” ထက်ပို ---- ဖြစ်တယ်။
နာမ်နှစ်ခုကိုနှိုင်းယှဉ်ပြီးပြောချင်လျှင် ၎င်းနာမ်နှစ်ခုရဲ့နောက်မှာ “~より adjです” ကိုထည့်ပါ။
ဥပမာ။ 新幹線(しんかんせん)は 電車(でんしゃ)より 速(はや)いです。
ကျဉ်ဆံရထားသည် လျှပ်စစ်ရထားထက်မြန်သည်။
၄။ တစ်ခုတည်းကိုသာ အလေးပေးပြောခြင်း
“ いちばんadjです” အ----ဆုံးဖြစ်တယ်
နာမဝိသေသန၏ရှေ့တွင် “いちばん” ကိုထည့်လျှင် ၎င်းနာမဝိသေသန၏ အ—ဆုံးဖြစ်တယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
ဥပမာ။ いちばん おいしいです。
အရသာအရှိဆုံးဖြစ်တယ်။
၅။ အရာဝတ္ထုနှစ်ခုကို နှိုင်းယှဉ်ပြီးမေးခွန်းမေးခြင်း
“ どちらがadjですか ” ဘယ်ဟာက ပိုပြီး----ဖြစ်လဲ။
အရာဝတ္ထုနှစ်ခုကို နှိုင်းယှဉ်ပြီး ဘယ်ဟာကလို့မေးချင်ရင် အရာဝတ္ထုရဲ့နောက်မှာ “どちらが adjですか” လို့မေးရပါတယ်။
ဥပမာ။ サッカー(さっかー)と テニス(てにす)と どちらが 好(す)きですか。
-ဘောလုံးနဲ့ တင်းနစ်နဲ့ ဘယ်ဟာကို အကြိုက်ဆုံးလဲ။
“ ほうがadjです ” က---ဖြစ်တယ်။
အထက်ပါဥပမာအတိုင်းမေးခွန်းမေးလာလျှင် ကြိုက်သောအရာ၏နောက်တွင် “のほうが” ကိုထည့်ဖြေရပါတယ်။
ဥပမာ။ サッカー(さっかー) のほうが 好(す)きです。
-ဘောလုံး ကို ကြိုက်တယ်။
ဝါကျ
1.きのうは 雨(あめ)でした。
2.きのうは 寒(さむ)かったです。
3.北海道(ほっかいどう)は 九州(きゅうしゅう)より 大(おお)きいです。
4.わたしは 1年(ねん)で 夏(なつ)が いちばん 好(す)きです。
၁။ မနေ့က မိုးဖြစ်ခဲ့တယ်။(မိုးရွာခဲ့တယ်)
၂။ မနေ့က ချမ်းခဲ့တယ်။
၃။ Hokkaido ကKyuushuu ထက်ပိုကြီးတယ်။
၄။ ကျွန်တော် ၁ နှစ်လုံးမှာ နွေရာသီကို အကြိုက်ဆုံးဘဲ။
ဥပမာစာကြောင်းများ
1.京都(きょうと)は 静(しず)かでしたか。
…いいえ、静(しず)かじゃ ありませんでした。
2.旅行(りょこう)は 楽(たの)しかったですか。
…はい、とても 楽(たの)しかったです。
3.天気(てんき)は よかったですか。
…いいえ、あまり よくなかったです。
4.きのうの パーティー(ぱーてぃー)は どうでしたか。
…とても にぎやかでした。いろいろな 人(ひと)に 会(あ)いました。
5.東京(とうきょう)は ニューヨーク(にゅーよーく)より 人(ひと)が 多(おお)いですか。
…はい、ずっと 多(おお)いです。
6.空港(くうこう)まで バス(ばす)と 電車(でんしゃ)と どちらが 速(はや)いですか。
…電車(でんしゃ)の ほうが 速(はや)いです。
7.海(うみ)と 山(やま)と どちらが 好(す)きですか。
…どちらも 好(す)きです。
8.日本料理(にほんりょうり)[の 中(なか)]で 何(なに)が いちばん 好(す)きですか。
…てんぷらが いちばん 好(す)きです。
၁။ Kyoto ကတိတ်ဆိပ်ခဲ့သလား။
ဟင့်အင်း မတိတ်ဆိပ်ခဲ့ဘူး။
၂။ ခရီးသွားတာ ပျော်ခဲ့လား။
ဟုတ်ကဲ့ ပျော်ခဲ့တယ်။
၃။ ရာသီဥတုက ကောင်းခဲ့သလား။
ဟင့်အင်း သိပ်မကောင်းခဲ့ဘူး။
၄။ မနေ့ကပါတီပွဲက ဘယ်လိုလဲ။
အလွန်စည်ကားခဲ့တယ်။ လူအမျိုးမျိုးနဲ့တွေ့ခဲ့တယ်။
၅။ Tokyo က နယူးယောက်ထက် လူပိုများလား။
ဟုတ်ကဲ့ အရမ်းပိုများတယ်။
၆။ လေဆိပ်အထိကားနဲ့ ရထားနဲ့ ဘယ်ဟာက မြန်သလဲ။
ရထားကပိုပြီးမြန်တယ်။
၇။ ပင်လယ်နဲ့ တောင်နဲ့ ဘယ်ဟာကိုကြိုက်လဲ။
နှစ်ခုစလုံး(ဘယ်ဟာမဆို) ကြိုက်တယ်။
၈။ ဂျပန်အစားအစာ(ထဲမှာ)ဘယ်ဟာကို အကြိုက်ဆုံးလဲ။
tenpura (ဂျပန်အကြော်)ကို အကြိုက်ဆုံးပါ။
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
