はじめまして တွေ့ရတာ ဝမ်းသာပါတယ်
ဤသင်ခန်းစာတွင်ပါဝင်သော စကားပြောကို Satoစတို/ Yamadaယမဓ / Mira-မီလာတို့၃ဦးက ပြောပါလိမ့်မယ်။
မီလာစံက စတိုစံနဲ့ ပထမဆုံးတွေ့တာဖြစ်ပြီး ယမဓစံက သူတို့ကို မိတ်ဆက်ပေးတဲ့ စကားပြောဖြစ်ပါတယ်။
ပထမဆုံးတွေ့တဲ့သူကို 初(はじ)めましてhajime mashite လို့ပြောပါတယ်။ ပြီးရင် ဘယ်နိုင်ငံက လာတယ်ဆိုတာကို ပြောပြီး နောက်ဆုံးမှာどうぞ よろしくdouzo yoroshiku လို့ပြောပါတယ်။
ဒီနေရာမှာတစ်ခုပြောချင်ပါတယ်။ Minna သင်ခန်းစာမှာဒီလိုပြောထားပေမယ့် တကယ့်လက်တွေအပြင်မှာ どうぞဆိုတာကိုထည့်ပြောလေ့မရှိပါဘူး။ထည့်ပြောရင်သဘာဝမကျတဲ့ဂျပန်စကားပြောပုံစံမျိုးဂျပန်လူမျိုးကထင်ပါလိမ့်မယ်။
(ယခုသင်ခန်းစာကို Minna No Nihongo Myanmar Website မှကူးယူဖော်ပြထားပါသည်။ ဂျပန်စာလေ့လာနေသောကျောင်းသားများယခုကဲ့သို့အဆင်ပြေပြေလေ့လာနိုင်သည့်အတွက်Minna No Nihongo Myanmar ကိုကျောင်းသားများကိုယ်စားJapanese Jukuမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။)
